Search
  • Nandar

The Vagina Monologues in Yangon

Updated: Jan 5


ပိပိတို့ စကားဝိုင်း ကို အမျိုးသားတွေကလည်း နားထောင်ပြီး အလေးအနက် ထားဖို့လိုတယ်။”

အမေရိကန် ပြဇာတ်ရေး ဆရာမ Eve Ensler က “The Vagina Monologues” အမည်နဲ့ နိုင်ငံတကာက အမျိုးသမီးတွေရဲ့ အတွေ့အကြုံနဲ့ ခံစာချက်တွေကို စုစည်း တင်ဆက်ထားတဲ့ ပြဇာတ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အနေနဲ့ ဘာသာပြန်ဆို တင်ဆက်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် တုန်းက အင်္ဂလိပ် ဘာသာနဲ့ ပြဇာတ်ကို “ယောနိတို့ စကားဝိုင်း” အမည်နဲ့ ပထမဆုံးအကြိမ် ရန်ကုန်မှာ ၃ ည တင်ဆက်ခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာတော့ အင်္ဂလိပ် ဘာသာ စကားပြော ပြဇာတ် ၂ ည အပြင် ပထမဆုံးအကြိမ် အဖြစ် မြန်မာ ဘာသာပြန် ပြဇာတ် ၂ ည တင်ဆက်တာ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အကြမ်းဖက်ခံနေရမှု ရပ်တန့်နိုင်ရေးနဲ့ အမျိုးသမီးခန္ဓာကိုယ် အပေါ် လေးစားသမှု ရှိဖို့ ဆော်သြ တဲ့ အနေနဲ့ ဒီလို လှုပ်ရှားမှုတွေ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ကမ္ဘာတဝန်းက အမျိုးသမီးပေါင်း ၂၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး ရလာတဲ့ ဇာတ်လမ်း ၁၈ ပုဒ် ထဲက ၁၂ ပုဒ်ကို မြန်မာဘာသာနဲ့ မြန်မာ အလေ့အကျင့်တွေကို ဖြည့်ထားကာ မြန်မာအမျိုးသမီး ၂၅ ဦးက သရုပ်ဆောင်ထားပါတယ်။ ဒီပြဇာတ်ကို ပူးတွဲ စီစဉ်သူနဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်၊ ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ထားတဲ့ မနန္ဒာက “ပိပိတို့ စကားဝိုင်း” အကြောင်း ပြောပြထားတာကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

ရှမ်းပြည်နယ် မြောက်ပိုင်း ဇာတိ၊ ဂေါ်ရခါး အမျိုးသမီး တစ်ဦး ဖြစ်သူ မနန္ဒာက ရာသီသွေး ဓမ္မတာ သန့်ရှင်းမှု၊ ကျား-မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးဝါဒ အကြောင်းတို့ကို အများပြည်သူကို အသိပေး လှုပ်ရှားနေတဲ့ ခရမ်းရောင် အဖွဲ့ကိုလည်း တည်ထောင်ထားသူ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #အမျိုးသမီး #feministnandar

Video by BBC Burmese





https://www.facebook.com/114029510431523/videos/247291473223683


5 views0 comments

Recent Posts

See All