Search
  • Nandar

We Must Do Better

"ကျားမ တန်းတူညီမျှမှု မရှိခြင်းကို ကျမတို့ ဖန်းတီးထားတာ မဟုတ်ပေမဲ့ ဆက်လက် မဖြစ်ပွားအောင်လုပ်ဖို့ တော့ အားလုံးမှာ တာဝန်ရှိပါတယ်။"


ကျား၊မတန်းတူညီမျှမှု မရှိတဲ့ အရာတွေကို ကျမတို့ သတိထားမိတဲ့ အခါမှာအားလုံးသိအောင် ပြန် ပြောပြပေးဖို့ တာဝန်ယူရမယ်။ ဒီလို ပြောတဲ့အခါမှာလည်း ကျမ ရှင်းလင်းမှု ရှိချင်သေးတယ်။ ဖီးမီးနစ်တွေက ဖိုဝါဒီစနစ်နဲ့ ပတ်သက်ပြီး အဆင်မပြေနေတာကို ထောက်ပြနေတဲ့အခါ ကိုယ်က စိတ်မကောင်းပြရုံနဲ့ မလုံလောက်ဘူး။ ကိုယ်တိုင်လည်း ဒီစနစ်ကို ငြင်းဆိုဖို့၊ပျောက်ဆုံးသွားဖို့ လုပ်ဆောင်ရလိမ့်မယ်။


ဥပမာ- ကိုယ်က bus ကားတစ်ခုပေါ်ရောက်နေတဲ့ အမျိုးသားတစ်ယောက် ဆိုပါစို့။ အဲ့ဒီ bus ကားပေါ်ရှိနေဆဲမှာပဲ အခြားအမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုပေးနေတာကို သတိထားမိတယ်။ ဒါ အကြမ်းဖက်မှုတစ်ခုဆိုတာ ကိုယ်သိနေတယ်။ ဒီလိုအခြေအနေမှာ အဲ့ဒီ အမျိုးသမီးနားကို ကပ်ပြီး "အမ အကြမ်းဖက်ခံနေရတာ ကျွန်တော် မြင်လိုက်မိတယ်။ တကယ် စိတ်မကောင်းဘူးနော်။" ပြောတာနဲ့ မလုံလောက်ဘူး။ ဟုတ်တယ်--ဒီ အကြမ်းဖက်မှုကို ကိုယ်လုပ်တာမှ မဟုတ်တာ။ ဟုတ်တယ်-- စာနာထောက်ထားသူ တစ်ယောက် အဖြစ်တောင် ရပ်တည်ပေးနေတာ။ ဒါပေမဲ့ ဒီလို လုပ်တာက အကြမ်းဖက်မှု ဖြစ်နေတာကို စိတ်မကောင်းဖြစ်ပြတာပဲ ရှိတယ်။ ဒီအကြမ်းဖက်မှု ပျောက်ဆုံးသွားအောင် တစ်ခုခု လုပ်နေတာ၊ ပြောနေတာ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်မကောင်းဖြစ်ရုံလေးနဲ့ အကြမ်းဖက်မှုက ပျောက်ဆုံးသွားမှာ မဟုတ်ဘူး။ ဒီထက် ပိုတဲ့ အရာကို ကျမတို့ လုပ်ဆောင်ရလိမ့်မယ်။ (ဒီနေရာမှာ ဘာလုပ်ရမလဲဆိုတာ ကျမ မပြောတာက အချိန်အခါ၊အခြေအနေပေါ်မူတည်ပြီး လုပ်လို့ရတဲ့ အရာတွေက ကွဲပြားနေလို့ပဲ။)


ထိုနည်းတူပဲ ကိုယ့်ရုံး၊ ကိုယ်လုပ်တဲ့ ပွဲ စသဖြင့်တွေမှာလည်း ကျား၊မတန်းတူညီမျှမှု မရှိတဲ့ လုပ်ရပ်တွေ ကိုယ်လုပ်မိတယ်၊ မြင်မိတယ်ဆိုရင် စိတ်မကောင်းဖြစ်ရုံလေးနဲ့ အဆင်မပြေဘူး။ ဒါကို ပြောင်းလဲဖို့၊ ပြုပြင်ဖို့ တာဝန်ယူပေးဖို့ လိုအပ်လိမ့်မယ်။


#wemustendinequality#feelingbadisnotenough#everyoneisresponsible


10 views0 comments

Recent Posts

See All