Search
  • Nandar

Stop feeling entitled to women's bodies

လူတယောက်ခန္ဓာကိုယ်ကို ပိန်လိုက်တာ၊ ဝလိုက်တာ၊ ဝတ်ထားတာ တိုလိုက်တာ၊ ဖုံးထားလိုက်တာ၊ ဖင်ကြီးတယ်၊ နို့သေးတယ်၊ စသဖြင့်ကို ဝန်လေးမှု တစက်လေးမှ မရှိပဲ ပြောဖို့ ဘယ်ကနေသင်ယူခဲ့တာလဲ။ စကားနဲ့ဖြစ်စေ၊လက်နဲ့ ဖြစ်စေ၊ အမူအရာနဲ့ ဖြစ်စေ၊ reaction တွေပေးပြီးတော့ ဖြစ်စေ သူတပါး ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ ထိကပါး ရိကပါး ပြောဆို လုပ်ဆောင်ရဲတဲ့ သတ္တိတွေက ဘယ်ကနေ ကျမတို့ ရနေတာလဲ။ ယောကျာ်းလေးနဲ့ မိန်းကလေးဆိုရင်တောင် ကျမတို့ က မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို အရမ်း ဇောင်းပေးပြီး အားရပါးရ ဝေဖန် ပြောဆိုတတ်လေ့ရှိတယ်။ ဒါက ဂရုစိုက်မှု တစ်ခုလို့ သတ်မှတ်လို့ရမလား လို့ တွေဝေနေတဲ့သူတွေ ရှိတတ်တယ်။ ကျမ အမြင်ကို ပြောရမယ်ဆိုရင် ဒီလို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ မှတ်ချက်ပေးမှုက တဖက်သားရဲ့ တောင်းဆိုမှု မဟုတ်ဘဲ ပေးနေတာက မိမိကိုယ့်ကိုယ် မိမိ သူတပါးခန္ဓာကိုယ်ပေါ်မှာ ရပိုင်ခွင့်၊ပြောပိုင်ခွင့်ရှိတယ်လို့ ထင်နေလို့ပဲ။ ဒီလို ယူဆချက်တွေက ဖိုဝါဒစနစ်က ခွင့်ပြုအားပေးအားမြောက်လုပ်ပေးထားနေ အခါမှာ ဒါကို ကျမတို့က ကျမတို့ ရဲ့ အခွင့်အရေးလို့ ထင်ယောင်ထင်မှား ဖြစ်တတ်လေ့ရှိတယ်။ တကယ်တော့ ဘယ်သူ့ဆီမှာမှ တပါးသူရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပြောပိုင်ခွင့်၊ရပိုင်ခွင့် မရှိပါဘူး။ တဖက်သားရဲ့ ဖြစ်တည်မှု၊ တဖက်သားရဲ့ ခန္ဓာကိုယ်၊ တဖက်သားရဲ့ ရွေးချယ်မှုတွေကို ဘယ်သူဘယ်ဝါကမှ ရပိုင်ခွင့် ရှိတယ်လို့ မခံစားသင့်ပါဘူး။ ကျမတို့ အားလုံးမှာ ကိုယ့်ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှု ကင်းစွာ ရှင်သန်ခွင့်ရှိရမယ်။


#stopfeelingentitledtowomensbodies

#mybodymylife

#donotcriticise


7 views0 comments

Recent Posts

See All