Search
  • Nandar

Rape cases in Myanmar

မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၈ ဖေဖော်ဝါရီလ မှာ မုဒိန်းမှုဆိုင်ရာ စာရင်းကို မျှဝေခဲ့ပါတယ်။ မုဒိန်းမှုအရေအတွက်တွေက ၂၀၁၆မှာ ၁၁၀၀ (ဦးရေ)ကနေ ၂၀၁၇မှာ ၁၄၀၅ (ဦးရေ) ထိ မြင့်တက်သွားတယ်လို့ ဖော်ထုတ်ပါတယ်။ သက်ငယ်မုဒိန်းမှုကတော့ ၆၇၁ ကနေ ၈၉၇ထိ ရောက်သွားကြောင်းလည်း ပြောထားပါတယ်။


ဒီ စာရင်းပြုစုမှုကို ထုတ်ဝေခြင်းနှင့်အတူ "မုဒိန်းမှုတွေ (အန္တာရာယ်)ကင်းဖို့ အမျိုးသမီးတွေ စကတ်တိုတို မဝတ်ကျဖို့လည်း တပါးတည်း တိုက်တွန်းအကြံပြုသွားခဲ့တယ်။


ဒီလို ထုတ်ဆိုချက်တွေက

၁။ victim-blaming ကို တရားဝင် ပြုလုပ်ခြင်းဖြစ်တယ်။

၂။ မုဒိန်းပြုလုပ်သူအတွက် အလိုလို (ရည်ရွယ်ပြီးဖြစ်စေ၊မရည်ရွယ်ပဲဖြစ်စေ)ကာကွယ်ပေးမှု ပြုလုပ်ခြင်းတစ်မျိုး ဖြစ်တယ်။

၃။ မုဒိန်းမှုရပ်တန့်ရမဲ့ တာဝန်ကို ပြုလုပ်သူကို မပေးပဲ ခံရသူကို လွှဲပြောင်းပေးခြင်းဖြစ်တယ်။(ဒါက ရူးနေတဲ့သူကို စိတ်ငြိမ်ဆေးမတိုက်ပဲ၊ဘေးက မိသားစုတွေကို ဆေးသောက်ပါလို့ ပြောနေတာနဲ့တူနေတယ်။)


အိုခေ ဆိုပါစို့။ Just for thought experiment. ဒီ ဌာနက ယူဆသလို (ပတ်ဝန်းကျင် တော်တော်များများကလည်းယူဆထားသလို) မုဒိန်းမှုတွေက စကတ်တိုတိုကြောင့် ဖြစ်တယ်လို့ပဲ ကျမတို့ အားလုံး ခဏ ယူဆကြစို့။ ဒီမုဒိန်းမှု ပပျောက်စေတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့ တနိုင်ငံလုံးမှာ ရှိတဲ့ စကတ်တိုတွေကို မီးရှို့ဖျက်စီးကြလိုက်မယ် ဆိုပါစို့။ မုဒိန်းမှုက စကတ်မရှိတော့၊မဝတ်တော့ကော ပပျောက်သွားမယ်ဆိုတာကို ဒီဌာနက တာဝန်ယူပေးနိုင်မလားဆိုတာ ကျမ ပြန်မေးချင်တယ်။


ရှင်းရှင်းပြောပြချင်ပါတယ်။ နားမလည်ရင် နှစ်ခါ ဖတ်ပေးပါ။ မုဒိန်းမှုက မုဒိန်းလုပ်တဲ့ သူရဲ့အဆင့်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ဒီလိုဆိုးဝါးတဲ့လုပ်ရပ်တွေကို လုပ်နေသူတွေကို မပြစ်ပေးဖို့နေနေသာသာ၊ ကာကွယ်ပေးနေတဲ့ ပတ်ဝန်းကျင်(ဌာန) တွေရှိသ၍တော့ မုဒိန်းမှုတွေ၊လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ ပပျောက်ဖို့ အရမ်းခက်နေမှာပဲ။


ဒါကို အားလုံးက မတရားတဲ့လုပ်ရပ်ဆိုတာ မြင်ပြီး ပူးပေါင်းပါဝင် ငြင်းဆို၊အပြစ်ပေး၊တိုက်ဖျက်ဖို့ လိုအပ်တယ်။


မုဒိန်းမှု ပပျောက်ရေး၊ ဒို့အရေး.....။


#RageAgainstRape

#ChallengetheSystem

#feministtalkswithnandar


references: https://theaseanpost.com/article/its-your-fault-rape-myanmar


1 view0 comments