Search
  • Nandar

Domestic Violence

"အိမ်တွင်းရေးအကြမ်းဖက်မှုဆိုတာ”


အိမ်တွင်းရေးအကြမ်းဖက်မှု ဆိုတာ မိမိ အိမ်ထောင်ဖက်ကိုထိန်းချုပ်လိုသောကြောင့် နိုင်ထက်စီးနင်းပြုလုပ်တဲ့ ပုံစံတစ်ခု ဖြစ်တယ်။ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ကျမတို့တော်တော်များများမှာ အယူအဆ အမှားတွေ ရှိထားပါတယ်။ အဲ့ဒီအယူအဆမှားတွေထဲက တစ်ချို့ကို ပြောရမယ်ဆိုရင်-

ဥပမာ- အိမ်တွင်းရေးအကြမ်းဖက်မှုဆိုတာ ဆင်းရဲတဲ့၊ပညာမတတ်တဲ့ မိသားစုတွေမှာ မြင်ရတာလို့ ထင်မြင်ယူဆတာမျိုးပေါ့။ ဒီလို ယူဆတတ်တဲ့သူတွေထဲမှာ ကျမကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမအထင်မှာ ဆင်းရဲတဲ့သူတွေက ပိုက်ဆံကိစ္စ အဆင်မပြေမှုကြောင့် အကြမ်းဖက် နှိမ်နှင်းမှုတွေ လုပ်ကြတယ်လို့ ထင်ခဲ့တာ။ အမှန်တော့ လက်တွေ့ကျကျ ကျမ ရွာ၊ကျမ ပတ်ဝန်းကျင်ကိုပဲ မျက်စိပွင့်၊နားပွင့်လှမ်းကြည့်လိုက်မယ်ဆိုရင်တောင် အိမ်တွင်းရေး အကြမ်းဖက်မှုက အလွှာပေါင်းစုံက လူတွေ ကြုံတွေ့ရင်ဆိုင်နေရတာကို မြင်တွေ့၊ ကြားဖူးနားဝခဲ့တာပဲလေ။ဒါကို ဘာကြောင့် ဒီအမြင်မှားမှာ ကျမ အကြာကြီး နှစ်မြုတ်နေခဲ့ပါလိမ့်လို့ တွေးမိနေခဲ့တယ်။ နောက်တခုက- အမျိုးသမီးတွေပဲ အိမ်တွင်းရေးအကြမ်းဖက်မှုကို တွေ့ကြုံခံစားရတယ်လို့ ယူဆတတ်တာ။ ကမ္ဘာ့ သုသေတနပြုမှုတွေကြောင့် ရာခိုင်းနှုန်းအားဖြင့် အမျိုးသမီးတွေ ကြုံတွေ့ရတာ များတာ သေချာပေမဲ့ အိမ်တွင်းရေးအကြမ်းဖက်မှုကို အမျိုးသားတွေကလည်း ဖြတ်သန်းကြုံတွေ့နေရတယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။


ဒီလို အယူအဆမှားတွေကို လက်ခံရတာက ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောဖို့ အရမ်းလွယ်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာစေတယ်။ အော်....ငါက အမျိုးသားပဲ ငါတို့နဲ့ ဆိုင်တဲ့ အရာမှ မဟုတ်တာလို့ လွယ်လွယ် ပြောလိုက်တာမျိုး။ ငါတို့ လူလတ်တန်းစားတွေက ကြုံရမှာ မဟုတ်ဘူးလို့ ပေါ့ပေါ့ဆဆ တွေးလိုက်တာမျိုးတို့ပေါ့။


တကယ့်တကယ်တော့ အကြမ်းဖက်မှုဆိုတာ ပြစ်မှုကျူးလွန်းသူက ခံရသူကို အာဏာနဲ့ အနိုင်ကျင့်မှုကို အသုံးပြုပြီး ထိန်းချုပ်ခြင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် လူတန်းစား မရွေး၊ဘာသာမရွေး၊လူမျိုးမရွေး အားလုံး ကြုံတွေ့ရတတ်တဲ့ အရာဖြစ်တယ်။


ဒီလို အကြမ်းဖက်မှုတွေ လျော့နည်းပပျောက်အောင် ကာကွယ် ပေးနိုင်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရေးစွဲဖို့နဲ့ ဒီလို အဖြစ်အပျက်တွေ ကြုံတွေ့လာရင် လုံခြုံစိတ်ချတဲ့ ဝန်ဆောင်မှုတွေရရှိဖို့ ကျမတို့ တောင်းဆို၊လှုပ်ရှားရမယ်။


အိမ်တွင်းရေးအကြမ်းဖက်မှုကို တွန်းလှန်းဖို့ ကျမတို့ အားလုံး ပါဝင်ကြပါစို့။


#EndDomesticViolence

#Standupforjustice

#FeministTalks


2 views0 comments

Recent Posts

See All