Search
  • Nandar

This is why I am a feminist

ကိုယ် ပတ်ဝန်းကျင် ၊ မိသားစု၊ အသိုင်းအဝိုင်းနှင့် နိုင်ငံတော်ကြီးက မျှတမှု မရှိလို့ပဲ ဖီးမီးနစ် တစ်ယောက် ဖြစ်လာရပါတယ်။ မျှတတဲ့ မိသားစု (သို့) ကမ္ဘာကြီးမှာ ကျမ ရှင်သန်လာခဲ့လို့ ရှိရင် ဖီးမီးနစ် ဖြစ်စရာမှ မလိုတော့တာ။


ကျမလိုချင်တဲ့ ကမ္ဘာက အရမ်း ရိုးရှင်းလှပါတယ်။

ရှင်နဲ့ ကျမနဲ့ အတူတူ ထိုင်တဲ့ ချိန်မှာ စားပွဲထိုးက ဘောက်ချာကြီး ကိုင်ပြီး ရှင့်ဖက်ကို မလှည့်တဲ့ အချိန်။

ကျမ ညီမလေး၊ အမေ၊ အမ၊ မိန်းကလေး သူငယ်ချင်း အပြင် သွားလို့ ရှိရင် ကျမ သူတို့ တခုခု ဖြစ်မလားဆိုပြီး စိုးရိမ်ပြီး မနေရတော့တဲ့ အချိန်။

ကျမ ဝတ်စားဆင်ယင်မှုက ပတ်ဝန်းကျင်ရဲ့ အလုပ်မဟုတ်တော့တဲ့ အချိန်။

ယောကျာ်းလေး တွေက ယောကျာ်းဖြစ်လို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မရှင်သန်ရတော့တဲ့ အချိန်။


လူသားတိုင်းက ကိုယ့် ဗိုက်ကိုယ် ဖြည့်တတ်နေတဲ့ အချိန်။

စသော စသော လူသားဆန်တဲ့ ကမ္ဘာကြီးဆီကို ကျမ လှမ်းမျှော်နေရင်း ဖီးမီးနစ် အဖြစ် ရှင်သန်နေရဦးမှာပဲ။





1 view0 comments

Recent Posts

See All